ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်နေတဲ့သူတွေအနေနဲ့ COVID-19 ရောဂါမဖြစ်ပွားအောင် သတိထားနေထိုင်ကြဖို့ ဦးသောင်းအေး တိုက်တွန်း

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပေမယ့် COVID-19 လို မမြင်ရတဲ့ ရောဂါဖြစ်ပွား လာနိုင် တာကြောင့် သတိဝိရိယထားပြုမူ နေထိုင်လုပ်ကိုင်ကြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီကနေ့မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့က ပျော်ဘွယ်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်စစ်ဆေးပြီး ကျေးရွာ တွေမှာ လိုအပ်နေတဲ့ အန္တရာယ်ရှိကျောင်းဆောင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

“Covid-19 ​ရောဂါဟာ မမြင်ရတဲ့ ရောဂါပိုးဖြစ်တဲ့အတွက်ကြောင့် ကြောက်ဖို့ကောင်းပါတယ်။ သတိဝိရယနဲ့ နေကြထိုင်ကြပါ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

လုပ်ငန်းခွင့်ဝင်တဲ့သူတွေအနေနဲ့လည်း ကိုဗစ်နိုင်တီးရောဂါနဲ့ ပတ်သက်လို့ ကျန်းမားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်တွေကို လိုက်နာဖို့နဲ့ ပညာပေးလုပ်ငန်းတွေကိုလည်း သေချာကြည့်ရှုပြီး ကျေးရွာသူကျေးရွာသားတွေကို လည်း လိုက်နာကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကိုယ်ထူကိုယ်ထမီးလင်းရေးအတွက် ဆောင်ရွက်နေကြတဲ့ ကျေးရွာတွေက အငြင်ပွား နေမှုကိုလည်း သွားရောက်ပြီး ညှိုနှိုင်းကူညီ ဖြေရှင်းဆောင်ရွက် ပေးခဲ့ပါသေးတယ်။