Chinese 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ခြောက်ပွဲဆက် အနိုင်ရကာ ဒုတိယအဆင့် တက်ရောက်

တရုတ်နိုင်ငံတွင် ကျင်းပနေသည့် Chinese 8 Ball ပြိုင်ပွဲ ဆဋ္ဌမပွဲစဉ်တွင် မြန်မာ့လက်ရွေး စင် ကစားသမား ဘုန်းမြင့်ကျော် သည် တရုတ်ကစားသမား ဝူကျန် ယုကို အနိုင်ရပြီး ခြောက်ပွဲဆက် နိုင်ပွဲဆက်ကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မေလ ၁၆ ရက်က တရုတ် နိုင်ငံ ချောင်ရန်မြို့တွင် ကျင်းပသည့် ယင်းပွဲစဉ်၌ ဘုန်းမြင့်ကျော် သည် ဝူကျန်ယုကို ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရသော်လည်း (၂၁-၁၉) ပွဲ ဖြင့် အနိုင်ရခဲ့သည်။ဘုန်းမြင့်ကျော် သည် ပြိုင်ပွဲပထမအဆင့်တွင် ခြောက်ပွဲကစား ခြောက်ပွဲနိုင်ကာ ပရိသတ်ပေးသည့် ဆန္ဒမဲအပါအ ဝင် ရမှတ်ပေါင်း ၃၇,၀၀၀ ဖြင့် လက်ကျန်တစ်ပွဲ ကျန်သေးသော်လည်း ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရရှိခဲ့သည်။

ဝူကျန်ယုနဲ့ ပွဲစဉ်က တော်တော်မလွယ်ပါဘူး။ တကယ် အသည်းအသန် ဖြစ်ခဲ့ရပါတယ်။ အခုတော့ အနိုင်ရသွားတဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ သေချာသွားပါပြီဟု ဘုန်းမြင့် ကျော် က ပွဲအပြီးတွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲ ပထမအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် မေလ ၃၁ ရက်တွင် ကမ္ဘာ့မာစတာ ချန်ပီယံ တရုတ်ကစားသမား ချူဘင်ဂျီနှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

7days