COVID-19 ကြောင့် လူသေဆုံးမှုတွင် အီတလီက တရုတ်နိုင်ငံကို ကျော်သွားပြီ

ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကြောင့် အီတလီနိုင်ငံရဲ့ လူသေဆုံးမှုအရေ အတွက်ဟာအများဆုံးဖြစ်သွားပြီလို့ အခုလ(၁၉)ရက်က ကျန်းမာရေးဌာနက ကြေညာခဲ့ပါတယ်။

လူသေဆုံးမှုဟာ တစ်ရက်တာအတွင်း (၄၂၇)ယောက်ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးသူ(၃၄၀၀)ကျော်ရှိသွားပါပြီ။ တရုတ်နိုင်ငံမှာ လူသေ ဆုံးမှု စုစုပေါင်း(၃၂၄၈)ယောက်ရှိခဲ့တာပါ။ အခုလို သေဆုံးနေမှုအပေါ် ကျန်းမာရေးဝန်ထမ်းတွေက စိတ်မ ချမ်းမသာဖြစ်နေကြပြီး၊ အရေးပေါ်အခြေအနေနဲ့နိုင်ငံကိုပိတ်ထားတဲ့ အတိုင်းအတာကို ဆက်တိုးမြင့်ဖို့ အစိုးရက ပြင်ဆင်ခဲ့တယ်လို့ ပြောပါတယ်။

မီလန်ဆေးရုံမှာ အလုပ်လုပ်နေတဲ့ သူနာပြုဆရာမ ဒနီလာကွန်ဖာလိုနီရီ ကလည်း ဗီဒီယိုနဲ့ ရင်ဖွင့် ပြောခဲ့တာကတော့ အရမ်းကို စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေနဲ့ ကျမတို့ အလုပ်လုပ်နေရပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ စိုးရိမ်ပူပန်မှုတွေဟာ အထွတ်အထိပ်ကို ရောက်သွားပြီ၊ လုမ်ဘာဒီဒေသ ရဲ့အခြေအနေက မထိန်းချုပ်နိုင်တော့ဘူး၊ မြင့်မားတဲ့ကူးစက်ရောဂါတွေနဲ့ လူသေဆုံးမှုက မရေတွက်နိုင်အောင်ပဲလို့ ပြောသွား ပါတယ်။

လုမ်ဘာဒီ ဒေသဟာ ရောဂါကူးစက်သေဆုံးမှု အဆိုးဆုံးနေရာဖြစ်ပြီး၊ လူနေသိပ်သည်းပြီး၊ စီးပွားရေးအချက်အချာ ကျတဲ့မီလန်မြို့ ပတ်ဝန်းကျင်မှာ တည်ရှိတာဖြစ်ပါတယ်။  one news