ဇူလိုင်လမှာ ဂျက်စတင်ဂေချီနဲ့မက်ဂရီဂေါ်တို့ ထိုးသတ်ဖွယ်ရှိ

အိုင်ယာလန်နိုင်ငံသား ကော်နာမက်ဂရီဂေါ်ဟာ ဇူလိုင်လ(၁၁)ရက်နေ့မှာ အမေရိကန်နိုင်ငံသား ဂျက်စတင်ဂေချီနဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက ဆာရိုနီကိုအနိုင်ရခဲ့တဲ့ပွဲဟာ မက်ဂရီဂေါ် နောက်ဆုံးထိုးသတ်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။

မက်ဂရီဂေါ်နဲ့ ဂေချီတို့ရဲ့ ပွဲဖြစ်လာနိုင်တဲ့အပေါ် မက်ဂရီဂေါ်ရဲ့ နည်းပြဖြစ်သူက အရိပ်အမြွက် ပြောသွားခဲ့တာဖြစ်ပါတယ်။ မက်ဂရီဂေါ်နဲ့ ဂေချီတို့ဟာ လက်ရည်မျှသူတွေဖြစ်ကြလို့ ဒီပွဲသာဖြစ်လာခဲ့ရင် တစ်ကမ္ဘာလုံးက ပရိသတ်တွေ သဘောကျပါလိမ့်မယ်လို့လည်း သူကပြောသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် (UFC)ပွဲ(၃)ပွဲကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ဒါပေမယ့် ဇွန်လလောက်ဆို ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီး ပြိုင်ပွဲတွေ ပြန်လည်ကျင်းပခွင့်ရဖို့ မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။