အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး

မတ်  ၉  ရက်မှ ၁၀ ရက်အထိ အမေရိကန်နိုင်ငံ၌    ကျင်းပခဲ့သည့်  River Landing Classic -2020 ဂေါက်သီးရိုက်ပြိုင်ပွဲတွင်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်    မြန်မာအမျိုးသမီး ဂေါက်သီးအားကစားမယ် ဖူးပွင့်ရတီခိုင် ပထမဆု ဆွတ်ခူး ရရှိခဲ့သည်။

ဖူးပွင့်ရတီခိုင်သည် ပထမနေ့တွင် ၃၆ ကျင်း ယှဉ်ပြိုင် ကစားခဲ့ရပြီး ပထမ ၁၈   ကျင်းတွင်   စုစုပေါင်းရိုက်ချက် ၇၂  ချက်၊  ဒုတိယ ၁၈ ကျင်းတွင် စုစုပေါင်း  ရိုက်ချက် ၇၆ ချက်ဖြင့်လည်းကောင်း၊ ဒုတိယနေ့တွင် ၆၈ ချက်၊ စုစုပေါင်း ရိုက်ချက် ၂၁၆ ချက်ဖြင့် ပထမဆုကို   ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား  ၆၈ ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဖူးပွင့်ရတီခိုင်သည် အမေရိကန်နိုင်ငံရှိ University of North Carolina Wilmington (UNCW) တွင်  ပညာသင်ကြားနေသူဖြစ်ပြီး အမေရိကန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ  အောင်မြင်မှုများလည်း ရယူလျက်ရှိသည်။  mirror