ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲ တက်ရောက်

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး (နည်းပြ) သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦရားဝမ်ဂျုံ တက်ရောက်ဖွင့်လှစ်ခဲ့သည်။ သင်တန်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင်၊ ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသိန်းထွန်းအေး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အရန် ပြည်နယ်ပါတီကော်မတီဝင်များ၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ပူတာအိုခရိုင်များမှ ပါတီခရိုင်ကော်မတီဝင်များ၊ မြို့နယ် ၁၈ မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက အဖွင့်အမှာစကား ပြောကြား၍ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသိန်းထွန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ