မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးပုံပါ ပြည်သူ့အတွက် အာမခံချက်မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူ

 

ဖေ​ဖော်​ဝါရီ(၂၆)
မန္တ​လေးမြို့၊ ၇၃ လမ်း၊၂၇ လမ်းနှင့်​ ၂၈ လမ်းကြားရှိ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးတွင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးပုံပါ “ပိုမို​တောက်​ပ​သော အနာဂတ်​ဆီသို့´´​မြေစိုက်​ပိုစတာ နှင့်​ပြည်​သူ့အတွက်​ အာမခံချက် ​(၉) ချက်​ပါ ​မြေစိုက်​ပိုစတာ (၂) ခုအား စိုက်​ထူပွဲ မင်္ဂလာအခမ်းအနားကို ယ​နေ့ နံနက်​ (၉) နာရီ (၃၀) မိနစ်​က ကျင်းပခဲ့သည်​။

အခမ်းအနားတွင်​ မင်္ဂလာအချိန်​ကျ​ရောက်​​သော အချိန်​၌ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီ အတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​ တိုင်း​ဒေသကြီး ဘဏ္ဏာ​ရေးမှူး ဦးသန်းထွန်းတို့မှ ​အခမ်းအနားအား ဖဲကြိုးဖြတ်​ဖွင့်​လှစ်​ပြီး​နောက်​ တက္ကသိုလ်​ဝင်​တန်း စာ​မေးပွဲတွင်​ ထူးချွန်​စွာ​အောင်​မြင်​ခဲ့ကြ​သော ငါးဘာသာဂုဏ်​ထူးရှင်​​ မောင်​စစ်​ရဲမင်းနှင့်​ သုံးဘာသာဂုဏ်​ထူးရှင်​ မထက်​မြက်​သီရိ​ကျော်​တို့မှ ​မြေစိုက်​ပိုစတာများအား အောင်​မြင်​စွာ ကြိုးဆွဲဖွင့်​လှစ်​ခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်းဒေသကြီး ပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ဒေသကြီးဘဏ္ဏာ​ရေးမှူး ဦးသန်းထွန်း၊ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိ ခရိုင်​နှင့်​မြို့နယ်​များမှ ပါတီဥက္ကဋ္ဌများ၊ ပါတီအတွင်း​ရေးမှူးများနှင့်​ ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။ မန္တ​လေး သုတ