ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ ပညာဘဏ်စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ညောင်ဇောက်အုပ်စု အနောက်စံပြ ကျေးရွာတွင် ယမန်နေ့ နံနက် ၁ဝ နာရီမှစတင်၍ ပညာဘဏ်စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် (ငြိမ်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့် အဖွဲ့သည် ဦးစွာ ညောင ဇောက်အုပ်စု အနောက်စံပြကျေးရွာ ရွာဦးကျောင်းဆရာတော်ထံ ဖူးမြော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းသည်။ ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဝန်ကြီးချုပ်(ငြိမ်း) ဦးရဲမြင့်၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး (ငြိမ်း) ဦးမြင့်သန်း၊ မန္တလေးတိုင်းဒေသကြီး ဒေသခံရပ်မိရပ်ဖ ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်က စာကြည့်တိုက်ဖွင့်လှစ် ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ စာအုပ်များ ပေးအပ်လှူဒါန်း ပေးခြင်းများဖြင့် ကျင်းပခဲ့သည်။ ပညာဘဏ် စာကြည့်တိုက်ကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီအတွင်းရေးမှူး မဲဆန္ဒနယ်မြေ-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ချယ်ရီစိုးသိမ်းတို့က ဦးဆောင်၍ ၂ဝ၁၁- ၂ဝ၁၆ ခုနှစ်ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (ငြိမ်း)နှင့် ဝန်ကြီး (ငြိမ်း) များက အလျားပေ ၈ဝ၊ အနံ၂၆ ပေ၊ စတီးလ်နံကပ် တစ်ထပ်အဆောက်အအုံကို လှူဒါန်းကြောင်း သိရသည်။ အဆိုပါ ပညာဘဏ်စာကြည့်တိုက် ဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်၊ ဗဟိုပါတီအလုပ်အမှုဆောင် ဒေါက်တာမောင် သင်း၊ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် (ငြိမ်း)ဦးရဲမြင့်၊ လယ်ယာနှင့် ဆည်မြောင်း ဝန်ကြီး (ငြိမ်း) ဦးမြင့်သန်း၊ ဆောက်လုပ်ရေး ဝန်ကြီး (ငြိမ်း) ဦးကျော်ဆန်း၊ စက်မှုလက်မှုဝန်ကြီး (ငြိမ်း) ဦးကျော်မြင့်၊ တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဖိုးညဏ်၊ ဦးချစ်ထွေးနှင့် မြို့နယ်ကော်မတီဝင်များ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များမှ ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များ တက်ရောက်၍ ပညာဘဏ်စာကြည့်တိုက်ကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးကြောင်း သိရသည်။ စိုးလှိုင်(ထီလာ)