ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက်ပြည်သူ များနှင့် သွားရောက်တွေ့ဆုံ

 

ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ် အမှတ် (၁၂) ရပ်ကွက် အတွင်းရှိ ပါတီဝင်များ ရပ္မိရပ္ဖများ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် သွားရောက်တွေ့ဆုံ ခဲ့ပါသည်။ ဗဟိုအတွင်းရေးမှူးနှင့်အတူ မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ နယကများဖြစ်ကြသော ဦးရဲဆွေလှိုင် ဦးမျိုးဝင်းညွှန့် ရွှေပြည်သာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် အတွင်းရေးမှူး ဦးဇေယျာဝင်းတို့နှင့် မြို့နယ်ကော်မတီဝင်များ နှင့်အတူ သွားရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး နှုတ်ဆက်အမှာစကား ပြောကြားခဲ့ပီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်မှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ  အသီးသီးပြန်လည် ဆွေးနွေး တင်ပြခဲ့ကြပါသည်။ ထို့နောက် မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးလင်းအောင်အောင်မှ တင်ပြဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ပါသည်။ဘိုတေ(ရွှေပြည်သာ)