ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ကျုံသွတ်တညီကျေးရွာ အုပ်စုတွင် ကျေးလက်ဆွေးနွေးပွဲ ကျင်းပ
ဖျာပုံ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် သဲအိမ်ကျောင်းကျေးရွာ၌ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွင် ရပ်ကျေး ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းဖြင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အစီအစဉ်များအတိုင်း ကျင်းပခဲ့သည်။ ဆက်လက်ပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဖျာပုံမြို့နယ် ကျုံသွတ် တညီကျေးရွာ အုပ်စုတွင် ကျေးလက်နေ ရပ်မိရပ်ဖများနှင့် ရင်းနှီးချစ်ခင်စွာ ကျေးလက်ဆွေးနွေးပွဲ ကျင်းပခဲ့ရာ မြို့နယ် ပါတီဥက္ကဋ္ဌက မိတ်ဆက်ပေးခြင်း၊ ကျေးလက်ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက သိလိုသည်များ မေးမြန်းခြင်း၊ ဒေသခံပြည်သူ များကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်းများ ရင်ဖွင့်ပြောကြားမှုအပေါ် ပါတီဗဟိုအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ ပညာရေးနှင့်လုံခြုံရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ မိမိတို့ပါတီအနေဖြင့် ပြန်လည်ဦးဆောင်ခွင့်ရရှိပါက ပြည်သူများ၏ အခက်အခဲအကျပ် အတည်းများကို ဦးစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ ကဏ္ဍရေးရာအလိုက် အာမခံချက်ကိုးချက်အား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ပါတီ၏မူဝါဒ လမ်းစဉ်များကို ရှင်းလင်းချပြ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ နံနက်ပိုင်းတွင် ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ နယ်မြေခံ ပါတီကော်မတီဝင်များ အနေဖြင့် မိမိနယ်မြေများအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှု အခြေအနေများကို ရှင်းလင်းခြင်း၊ နယ်မြေကွင်းဆင်းမှု အခြေအနေများကို တင်ပြခြင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း ဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မူဝါဒများကို ရှင်းလင်းချပြခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ အနေဖြင့် မိမိ၏ တာဝန် ဝတ္တရားများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းချပြ ဆွေးနွေးခြင်းနှင့် တက်ရောက်ခဲ့သူများက တစ်ဦးချင်းစီ ဆွေးနွေးရှင်းလင်းခဲ့မှုအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ ပါတီအောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်း၍ အပြန်အလှန်ဆွေး နွေးခြင်းများကျင်းပခဲ့ပြီး အစည်းအဝေးခန်းမ၌ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အတူ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ ဖျာပုံခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ AKH