ဩစတြေးလျတင်းနစ်သမား ကာရီရော့စ် ပြိုင်ပွဲကစားခွင့် ၆ လ ပိတ်ခံရ
တင်းနစ်အားကစားရဲ့ လူဆိုးလို့ သတ်မှတ်ခံထားရသူ ဩစတြေးလျတင်းနစ်သမား ကာရီရော့စ်ကို ATP က ၆ လတိတိ ပြိုင်ပွဲကစားခွင့်ပိတ်ခဲ့ပြီး ဒဏ်ကြေးပေါင် ၂၀၀၀၀ ပေးဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။
အဲဒီပြစ်ဒဏ်ဟာ ဒီနေ့စတင်မှာဖြစ်ပြီးတော့ ကာရီရောတ်စ့်အတွက် နောက်ထပ် ၆ လလောက် တင်းနစ်ပြိုင်ပွဲ တွေနဲ့ ဝေးတော့မှာလည်း ဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်ပြီး မထင်မှတ်တဲ့ လက်စွမ်းတွေ ပြလေ့ရှိတဲ့ ကာရီရောစ့်ဟာ မကြာခဏဆိုသလို တင်းနစ်ရက်ကက် ရိုက်ချိုးတာတွေ၊ ဒိုင်ဖြစ်သူကို မချေမငံပြောဆို ဆက်ဆံတာတွေ၊ ပြိုင်ပွဲစည်းကမ်းတွေကိုချိုးဖောက်တာတွေ၊ တဖက်ပြိုင်ဘက်ကို တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတာကြောင့် နာမည်ဆိုးနဲ့ကျော်ကြားသူလည်း ဖြစ်ပါတယ်။
ကာရီရောစ့်နဲ့ပတ်သက်ပြီး နာမည်ကျော် တင်းနစ်သမားတွေက မကြာခဏ ဝေဖန်ပြောဆိုတာတွေ ရှိခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးတဲ့ ကာရီရောစ့်ဟာ လက်တလောမှာတော့ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ dvb