ဒုတိယအဆင့်နဲ့ ကျေနပ်ခဲ့ရတဲ့ မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ် သက်ထားသူဇာ
Maldives International Future Series 2019 ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာကို အိန္ဒိယကြက်တောင်မယ် မယ်ဗီကာဘန်ဆော့က (၂)ပွဲပြတ် အနိုင်ယူပြီး ရွှေတံဆိပ် ဆွတ်ခူးသွားခဲ့ပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာက သီရိလင်္ကာကြက်တောင်မယ် သီလီနီကို (၂၁-၁၅)၊ (၂၁-၁၂)နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းလာခဲ့တာပါ။ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ မြန်မာ့ဂုဏ်ဆောင် ကြက်တောင်မယ် သက်ထားသူဇာက အိန္ဒိယ ကြက်တောင်မယ် ရှရူတီမွန်ဒါဒါကို ၂၁-၁၀၊ ၂၁-၁၀ နဲ့ (၂)ပွဲပြတ် အနိုင်ယူပြီး ဗိုလ်လုပွုဲ တက်ရောက်လာတာပါ။ သက်ထားသူဇာဟာ နောက်(၂)ရက်အကြာမှာ Maldives International Challenge 2019 ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သက်ထားသူဇာဟာ စက်တင်ဘာလ(၁၇)ရက်နေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့်(၇၀)ရပ်တည်နေပါတယ်။
Source: Thet Htar Thu Zar