ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကို အုပ်ချုပ်ရန် လိုအပ်
ကန်ကြီးထောင့်၊ သြဂုတ် ၂၇။
ပညာရည်ပြည့်ဝသော ကိုယ်ခံအားကောင်းသည့် နိုင်ငံရေးခေါင်းဆောင်များ နိုင်ငံကိုအုပ်ချုပ်ရန် လိုအပ်ဟု ဗဟို လူငယ်ရေးရာကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်းက ယမန်နေ့ ကျင်းပသည့် ဧရာဝတီတိုင်ဒေသကြီး ကန်ကြီးထောင့် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး၌ ပြုလုပ်သော မြို့နယ် (၁၁) မြို့နယ်မှ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးခေါင်းဆောင်တွေတိုင်းဟာ ကိုယ်ခံအားကောင်းသာ (ပညာဝမ်းစာ) တိုင်းပြည်အင်အား တောင်းတင်းမှာ ဖြစ်ပါတယ်။ ကိုယ်ခံအားမကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်တဲ့တိုင်းပြည်ဟာ အချုပ်အချာအာဏာ ပါ ဆုံးရှုံးသွားနိုင်တယ်” ဟု ဒေါ်ကျော့ယဉ်ဝင်းက ပြောခဲ့ပါသည်။
ထို့အပြင် လူတော်လူကောင်းများက နိုင်ငံရေးကို စိတ်မဝင်စားရင် လူယုတ်မာများကြီးစိုးသွားတတ်သည့်အတွက် လူငယ်များ နိုင်ငံရေးကို စိတ်ဝင်စားရန်လိုသည်ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့ပါသည်။
အထက်ပါ တွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်ပြီး ဗဟိုလူငယ်ရေးရာ ကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် ဒေါ်ကျော့ယဉ်ဝင်း ဦးလှထွန်းဦးတို့အပါအဝင် ပါတီမှ တာဝန်ရှိသူများနှင့် လူငယ်များ တက်ရောက် ခဲ့ကြသည်။