ထိုးသတ်ကွင်းထဲ ပြန်ဝင်ရန် ကြိုးပမ်းနေသည့် နာမည်ကျော်ဖိုက်တာ မက်ဂရီဂေါ
UFC ရဲ့ နာမည်ကျော် ဖိုက်တာတယောက်ဖြစ်တဲ့ ကော်နာမက်ဂရီဂေါကတော့ အခုနှစ်ကုန်ပိုင်းမှာ ထိုးသတ်ကွင်းထဲ ပြန်ဝင်ချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မာန်မာနကြီးပြီး ပြဿနာတွေရှာလေ့ရှိတဲ့ မက်ဂရီဂေါဟာ ထူးချွန်တဲ့ MMA ကစားသမား ဖြစ်ပေမယ့် သူ့ရဲ့လုပ်ရပ်တွေကြောင့် လူမုန်းများသူ ဖြစ်ပါတယ်။
မက်ဂရီဂေါဟာ လက်ကျိုးထားတဲ့ ဒဏ်ရာကြောင့် အနားယူထားရတဲ့အပြင် နောက်ဆုံးပွဲမှာ ခါဘစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ်ကို လွှဲပြောင်းပေးထားရသူဖြစ်ပါတယ်။ ESPN နဲ့ အင်တာဗျူးမှာတော့ မက်ဂရီဂေါအနေနဲ့ ချန်ပီယံခါးပတ်ကို ပြန်လိုချင်နေပြီးတော့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ပြန်ယူနိုင်မယ် ဆိုတာကိုလည်း ကတိပေး နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဂရီဂေါဟာ နာမည်ကြီးလက်ဝှေ့ချန်ပီယံ မေဝဲသာနဲ့ UFC ကစားသမား ခါဘစ်တို့ကို ရှုံးနိမ့်ထားတာကြောင့် အသက် ၃၁ နှစ်အရွယ်မှာပဲ အနားယူကြောင်း ကြေညာခဲ့ပေမယ့် အခုအချိန်မှာတော့ ထိုးသတ်ကွင်းထဲ တဖန်ပြန်ဝင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ —Ref: BBCsport