မြန်မာအသင်းနှင့် ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကန်မည်

မြန်မာ့လက်ရွေးစင် အသင်းနှင့် ဂျပန် လက်ရွေးစင် အသင်းတို့၏ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲကို လာမည့် စက်တင်ဘာ ၁၀ ရက်နေ့၊ ညနေ (၆း၅၀)နာရီ၊ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား Channel 7 ရုပ်သံမှ ထုတ်လွှင့်ပြသသွားမည် ဖြစ်သလို MRTV နှင့် MRTV Sport တို့မှပြသနိုင်ရေးကိုလည်း ဆက်သွယ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ Broadcasting Partner ဖြစ်သည့် MY SPORTS အနေဖြင့်လည်း ယင်းတို့ Facebook Page မှတိုက်ရိုက် ပြသပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ပွဲစဉ်အတွက် ကွင်းဝင်ကြေးများကို ရိုးရိုးတန်း – ၂၀၀၀ ကျပ် (တောင်နှင့်မြောက် ဘက်ပွဲကြည့်စင်)နှင့် ၃၀၀၀ ကျပ် (အရှေ့ဘက်တန်း ပွဲကြည့်စင်)၊ ၅၀၀၀ ကျပ် (အထူးတန်း ပွဲကြည့်စင်) အဖြစ်သတ်မှတ်ထားပြီး လက်မှတ်ရောင်းချမည့် အစီအစဉ်များကို ဆက်လက်ထုတ်ပြန် ကြေညာပေးသွားပါမည်။