ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုက်မရောရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

ကျိုက်မရော ၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကျုံစိန်ကျေးရွာ သာသနာ့လင်္ကာရကျာင်း၌ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း ခဲ့သည်။

ရှေ့ဦးစွာ သာသနာ့လင်္ကာရ ကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး လူယှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကျင်းပရာ ကျိုက်မရော မြို့နယ်ပါတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်မှ ရေကြီးမှုနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရေဘေးသင့် ပြည်သူ များအား ကူညီထောက်ပံ့ရေး ပစ္စည်းအား ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးဝဏ္ဏ မောင်လွင်၊ ဦးခင်ရီ၊ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းတို့မှ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ် ရေး ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူကြသည်။ ဆက်လက်ပြီး ရေဘေးသင့် ပြည်သူများကိုယ်စား ကျုံစိန်ကျေးရွာမှ ပြည်သူတစ်ဦးကမှ ကျေးဇူးတင်စကား ပြောကြားပြီး ရပ်မိ ရပ်ဖတစ်ဦးမှ ရေကြီးမှု ကူညီကယ်ဆယ်မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။