အက်ဖရို အမျိုးသမီးဘတ်စကက်ဘောချန်ပီယံဆုကို နိုင်ဂျီးရီးယား(၂)နှစ်ဆက် ရရှိ

ဆီနီဂေါနိုင်ငံဒါကာမြို့မှာသြဂုတ်(၁၈)ရက်က ကျင်းပပြီးစီးတဲ့(၂၀၁၉) အက်ဖရိုအမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းက ချန်ပီယံဆုကို(၂)နှစ်ဆက်ရသွားပါတယ်။ ဗိုလ်လုပွဲမှာ နိုင်ဂျီးရီးယားအသင်းက အိမ်ရှင်ဆီနီဂေါအသင်းကို(၆၀)မှတ်(၅၅)မှတ်နဲ့ အနိုင်ရဗိုလ်စွဲံသွားတာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အမျိုးသမီးအသင်းအနေနဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ (၄)ကြိမ်မြောက် ဗိုလ်စွဲနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း နိုင်ဂျီးရီးယားအသင်းသူ အီဇင်နီကာလူက ရသွားပါတယ်။ ကာလူဟာ အမေရိကန်မှာမွေးတဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ဖြစ်ပါတယ်။ တတိယလုပွဲမှာတော့ မာလီအသင်းက မိုဇမ်ဘစ် အသင်းကို (၆၆)မှတ်(၅၄)မှတ်နဲ့နိုင်ပါတယ်။ ပဉ္စမနေရာ လုပွဲမှာတော့ အင်ဂိုလာက ကွန်ဂို အသင်းကို (၆၈)မှတ်(၄၈)မှတ်နဲ့ နိုင်ပါတယ်။ အဆင့်(၁)ကနေ(၆)အထိရတဲ့ အသင်း(၆)သင်းက (၂၀၂၀)တိုကျိုအိုလံပစ်ရဲ့ ပဏာမလက်ရည်စစ်ပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် (၁၂)သင်းရှိပြီး သြဂုတ်(၁၀) ရက်ကနေ စတင်ယှဉ်ပြိုင်ပါတယ်။ Foxsport