အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ဆေးကုသမှု ဆောင်ရွက်

 

သြဂုတ် ၁၇၊ ရန်ကုန်

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဖြိုးစေတနာ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီက ဒဂုံမြို့သစ်​ (​မြောက်ပိုင်း) မြို့နယ်အမှတ် (၅၀) ရပ်ကွက်သာသနာ့ရောင်ခြည် ဓမ္မာရုံတွင် အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွ​က်​​ပေးခဲ့ ကြသည်​။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ကုသမှု ဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ အောင်ထွန်း ခရိုင်ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်နှင့် ဒေါ်လဲ့လဲ့အေး မြို့နယ်ပါတီအတွင်းရေးမှုး ဦးကျော်ထင် နှင့် ပါတီကော်မတီဝင်များ ရပ်ကွက်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက မွန်းလွဲ ၂ နာရီအထိ ဆေးကုသမှုတွင်​ ပူး​ပေါင်းပါဝင်​​ဆောင်​ရွက်​ ခဲ့ကြသည်​။