သဲဖြူကုန်းကျေးရွာမြေပြိုမှုတွင် သေဆုံးသူ ၅၉ဦးထိရှိလာ ရှာဖွေမှုများဆက်လက်လုပ်ဆောင်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာမြေပြိုမှုဖြစ်စဉ်မှာ သေဆုံးသူ (၅၉)ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သြဂုတ်(၁၂)ရက်ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ သြဂုတ်(၉)ရက်ကနေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရာ သြဂုတ်(၁၂)ရက် ညနေအထိ စုစုပေါင်းသေဆုံးသူ(၅၉)ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြဂုတ်(၉)ရက်မနက်ပိုင်းက တောင်စောင်းပြိုကျတဲ့ ဖြစ်စဉ်ကြောင့် နေအိမ်(၂၀)လောက် မြေကြီးအောက် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။