ပြည်ခိုင်ဖြိုးပါတီဌာနချုပ် သတ္တမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ သတ္တမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပါတီဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီြး့မှင့်ခြင်း၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီတာဝန်ရှိသူများက ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ် လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှသော ကောင်းမှုတို့အား ရေစက်ချ အမျှဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် ဦးစီးရုံး အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။