ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဘားအံ ဇူလိုင် ၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်ပါတီရုံး၌ ပြုလုပ်သော လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။

ယင်းအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ပြီး မြို့နယ် အလိုက် လုပ်ငန်းဆောင်ရွက်ချက်များ အသီးသီးတင်ပြကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်နီနီအောင်