အာယုဒီက ပျိုးဥယျာဉ်ကျောင်းတိုက် ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနတွင် မင်္ဂလာဒုံ ပြည်ခိုင်ဖြိုးမှ အအေး စတုဒီသာ လှူဒါန်း

 

မင်္ဂလာဒုံ ဇူလိုင်

ရန်​ကုန်​တိုင်း​ဒေသကြီး ၊မင်္ဂလာဒုံမြို့နယ်​၊ ပျဉ်းမပင်​ရပ်​ကွတ်​ရှိ အာယုဒီကပျိုးဥယျာဉ်​​ ကျောင်းတိုက်​ဆရာ​တော်​ ဘဒ္ဒန္တ အရိယဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မ​ဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဋိတ သက်​​တော် ​(၇၉) ဝါ​တော် ​(၆၀) ၏ အန္တိမဈာပန အခမ်းအနားတွင်​ မင်္ဂလာဒုံမြိုနယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ မြို့နယ်​ဥက္ကဋ္ဌ၊ အတွင်း​ရေးမှူးတို့မှ ဦး​ဆောင်​ပြီး အ​အေးစတုဒီသာ တိုက်​​ကြွေးလှူဒါန်းပြီး ​နောက်​ဆုံးပူ​ဇော်​ခြင်းဖြင့်​ ကုသိုလ်​ပြုပူ​ဇော်​ခဲ့​ကြောင်း သိရှိရသည်​။

စတုဒီသာလှူဒါန်းပွဲသို့ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ မြို့နယ်​သီဟ​သွေး လူငယ်​များနှင့်​ပါတီဝင်​များ ကုသိုလ်​ပြု ပါဝင်​ခဲ့​ကြောင်း သိရှိရသည်​။