ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အာင်ချစ် မိသားစုမှ အောင်လံမြို့ဘိုးဘွားရိပ်သာကျောင်းသို့ လစဉ်အာဟာရဒါန ပြုလုပ်
ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အောင်လံဘိုးဘွားရိပ်သာ၌ ယနေ့ (၅.၇.၂၀၁၉) ရက်နေ့တွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်မိသားစုမှ လစဉ်အာဟာရမြတ်ဒါန အလှူတော် ပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲသို့ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီဝင် ဦးတင်ဝင်း၊ အတွင်းရေးမှူး၊ ဦးခင်ဆွေတို့ ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက်ပါတီဝင်များမှ ဘိုးဘွားများနေထိုင်ရာ အဆောင်ပတ်ဝန်းကျင်ရှိ ပေါင်းမြက်ပင်များကို သန့်ရှင်းရေး လုပ်အားပေး စုပေါင်းဆောင်ရွက် ခဲ့ကြ ပါသည်။
Kyaw Thura