စလင်းမြို့နယ် ပြည်ခိုင်းဖြိုးပါတီဝင်များ ဝမ်းပြည့်ကျေးရွာ အမက၌ စာရေးကိရိယာများ လှူဒါန်း

 

စလင်း ဇူလိုင် ၎

မကွေးတိုင်း ဒေသကြီးစလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်များနှင့် အလှူရှင်ပြည်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁ဝ နာရီက စလင်းမြို့နယ် ဝမ်းပြည့်ကျေးရွာ မူလတန်းကျောင်း၌ ကျောင်းသုံးစာရေး ကိရိယာများကို သွားရောက်လှူဒါန်း ခဲ့သည်။

ထိုသို့သွားရောက် လှူဒါန်းရာတွင် ဝမ်းပြည့်ကျေးရွာမူလတန်း ကျောင်းမှကျောင်း ကော်မတီဝင်များနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမွန်နှင့် ကျောင်းသား ကျောင်းသူများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။ စလင်းမြို့နယ် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အရန်ပါတီ ကော်မတီဝင် ဦးတင်၊ စာစီကျောင်းရွာရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးမြင့်ဌေးနှင့် ပါတီဝင်များ၊ စာစီကျောင်းရွာမှ အလှူရှင် ဦးမြင့်ရွှေတို့က ဝမ်းပြည့်ကျေးရွာ မူလတန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၅၇ ဦးအား တစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် လေးအုပ်စီ၊ ဘောလ်ပင်တစ်ချောင်း၊ ခဲတံတစ်ချောင်းနှုန်းဖြင့် ဗလာစာအုပ် ဒါဇင် ၂ဝ ၊ ခဲတံ၊ ဘောလ်ပင် ငါးဒါဇင်အား လှူဒါန်း ပေးကြကြောင်း သိရသည်။ စစ်ကြည်(စလင်း)