လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို ပထမအကြိမ် စုပေါင်းသွေးလှူ
လွိုင်ကော် ဇူလိုင် ၁
ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် မြန်မာအမျိုးသမီးများ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့မှ ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပရာ လာရောက်လှူဒါန်းသူ ၃ဝ ကျော်အနက် သွေးဖောက်စစ်ဆေးရာ စုစုပေါင်း ၁ဝ ဦး သွေးလှူဒါန်းနိုင်ခဲ့ပြီး သွေးလှူဒါန်းသူများအား ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဒေါရစ်လေးက အာဟာရအတွက် သွေးလှူရှင်တစ်ဦးကို ကြက်ဥ ၁ဝ လုံးစီ ပေးအပ် လှူဒါန်းပြီး ၄င်းသွေးလှူရှင်များအား နေ့လယ်စာဖြင့် ကျွေးမွေးခဲ့သည်။
ယင်းစုပေါင်း သွေးလှူဒါန်းပွဲသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဒေါ်ဒေါရစ်လေး (ပြည်နယ်အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဒေါ်ဗျားမြာမောင် (ပြည်နယ်အမျိုးသမီးရေးရာ ဒု-တာဝန်ခံ)၊ ဒေါ်နန်းယဉ်သီတာထွေး (ပြည်နယ်လူငယ်ရေးရာဒု-တာဝန်ခံ)၊ ဒေါ်ခင်မေလတ် (လွိုင်ကော်ခရိုင် အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဒေါ်နှင်းနှင်းရီ (လွိုင်ကော်မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ)၊ ဒေါ်ခင်သန္တာထွန်း (လွိုင်ကော်မြို့နယ် အမျိုးသမီးရေးရာ ဒု-တာဝန်ခံ)နှင့် ရပ်ကွက်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။မမောင်(ချိကယ်သူ)