ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ တိုက်ကြီးမြို့နယ် ကတိုင်စိန်ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာနေပြည်သူလူထုကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေမှုအား ကြည့်ရှုအားပေး

 

တိုက်ကြီး_ ဇွန် ၃၀

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး  ဒေါက်တာ-​ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်  အလင်းရောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ-ဦးနေလင်းနှင့် တိုင်းကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍
အထူးကု ဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ ကတိုင်စိန် ကျေးရွာသို့ သွားရောက်ကာ ၎င်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများမှ ကျန်းမာရေးချို့တဲ့သူ မိဘပြည်သူများကို ကတိုင်စိန်ကျေးရွာ၊ အေးချမ်းအောင်မြေ ကျောင်းတိုက်အတွင်း၌ အခမဲ့ကျန်းမာရေး ကူညီေ စာင့်ရှောက် နေမှုအား ကြည့်ရှု့ အားပေးသည်။

အဆိုပါ ကျန်းမာရေး ကူညီစောင့်ရှောက်မှု ခရီးစဉ်တွင် ဗဟိုအတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ မြောက်ပိုင်းခရိုင် အတွင်းရေးမှူး ဦးမျိုးဇော်နှင့် ခရိုင်ကော်မတီဝင်များ၊
တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အတွင်းရေးမှူး  ဦးကျော်လင်းဇော်နှင့် မြို့နယ် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များက အတူလိုက်ပါခဲ့ပြီး ကျေးရွာနေ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်းနှင့်
လာရောက်ပြသူ ရဟန်းရှင်လူ ပြည်သူ ကလေး လူကြီး စုစုပေါင်း (၄၂၃) ဦးဖြစ်ကြောင်း သိရှိရသည်။