ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ကလေး ဇွန် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ရပ်ကျေးဆိုင်း ဘုတ်တင်ရန် ကျန်ရှိနေသော တောင်ဇလပ်ရပ်ကွက် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးအဲမောင်နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီခွဲက ပါတီဆိုင်းဘုတ်အား ခရိုင်ပါတီဝင်များနှင့် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များက ဆိုင်းဘုတ်စိုက်ထူပြီး ရပ်ကျေးပါတီဝင်များနှင့် ရေနွေးကြမ်းစကားဝိုင် ပြုလုပ်ခဲ့သည်။

ဆက်လက် ၍ကြို့သုံးပင်ရပ်ကွက် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးဇမ်ကျင်ခိုင် နေအိမ်တွင် နံနက် ၉ နာရီခွဲက ပါတီ ဆိုင်းဘုတ်စိုတ်ထူ ပြီး ပါတီဝင်များနှင့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျွိုင်းဆက်(ကလေး)