အားကစား သတင်းတိုများ
■ မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားက လာမည့်ရာသီမှာ မိမိအတွက်နောက်ဆုံးရာသီဖြစ်သည်ဟု ဆိုလိုက်ပြီး ရာသီကုန်တွင် မန်စီးတီးအသင်းမှထွက်ခွာမည်ဟု အတည်ပြု လိုက်သည်။
■ အသက် ၄၁ နှစ်အရွယ် အီတလီဝါရင့်ဂိုးသမား ဘူဖွန်မှာ အသင်းဟောင်းဂျူဗင်တပ်နှင့်ပြန်လည်လက်တွဲရန် အစီအစဉ်ရှိနေသည်ဟု အေးဂျင့်ဖြစ်သူက ပြောကြားလိုက်သည်။
■ အဲဗာတန်အသင်းမှာ ပြီးခဲ့သည့်ရာသီတွင် အငှားဖြင့်ခေါ်ယူခဲ့သည့် ဘာစီလိုနာကွင်းလယ်လူ ဂိုမက်စ်ကို ယူရို ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုလိုက်သည်။
■ ဒါဘီအသင်းက နည်းပြဖြစ်သူလမ်းပတ်ကို အသင်းဟောင်းချဲလ်ဆီးနှင့် ဆွေးနွေးရန်တရားဝင် ခွင့်ပြုလိုက် ပြီးနောက် လမ်းပတ်မှာ ၂၄ နာရီအတွင်း ချဲလ်ဆီးနည်းပြဖြစ်လာဖွယ်ရှိနေသည်။
■ နယ်သာလန်ကွင်းလယ်လူဟောင်း ဗန်ဘရွန်ခရော့စ်မှာ နယူးကာဆယ်နည်းပြရာထူးကို စိတ်ဝင်စားနေသည်။
■ လိဒ်စ်ယူနိုက်တက်အသင်းမှာ ကစားသမားဘ၀မှအနားယူထားသည့် ရိုးမားကွင်းလယ်လူဟောင်းတော့တီကို အသင်းအတွက် ကစားပေးရန်တောင်းဆိုလိုက်သည်။
■ အန်ဒါလက်ခ်ျအသင်း၏ ကစားသမားနည်းပြဖြစ်သူ ကွန်ပနီက နည်းပြကောင်းတစ်ယောက်ဖြစ်လာစေရန် လေ့လာသင်ယူထားပြီး အောင်မြင်မှုရယူနိုင်သည့်နည်းပြအဖြစ် သက်သေပြ သွားမည်ဟု ပြောကြားလိုက်သည်။
■ မန်ယူတိုက်စစ်မှူး လူကာကူ၏ အင်တာမီလန်အပြောင်းအရွှေ့မှာ မဖြစ်နိုင်စရာမရှိဟု အေးဂျင့်ဖြစ်သူ ဖက်ဒရီကိုပက်စ်တီလိုက ပြောကြားလိုက်သည်။
■ နာပိုလီအသင်းမှာ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူရန်အတွက် အသင်းတွင် အနားပေးထားသည့် ဂန္ထ၀င်ကစားသမား မာရာဒိုနာ၏ ကျောနံပါတ် ၁၀ နှင့်စည်းရုံးနေသည်။
■ မန်ယူကွင်းလယ်လူ ပေါ့ဘာမှာ စီရော်နယ်ဒိုနှင့်အတူတွဲဖက်ကစားလိုသည့်ဆန္ဒကြောင့် အသင်းဟောင်း ဂျူဗင်တပ်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေသည်။
■ ဘာစီလိုနာအသင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူရန်သဘောတူညီမှုရလိုက်ပြီဟု Dailymail က ဖော်ပြသွားခဲ့သည်။
-Ref:Skynetsports