စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် လူငယ်အဖွဲ့ နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်
နေပြည်တော် ဇွန် ၂၄
မြန်မာလူငယ်ဖွံ့ဖြိုး တိုးတက်ရေးအသင်း (M.Y.D.A) စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးမြတ်မျိုးညွန့်နှင့် ကျွန်းလှ မြို့နယ်အသင်းမှ ဦးဇော်ဝင်းထွန်း ဦးဆောင်၍ အင်အား ၁၁၆ ဦးသည် နေပြည်တော်သို့ ယမန်နေ့တွင် ရောက်ရှိပြီး ယမန်နေ့ နံနက်တွင် ဗုဒ္ဓဂယာသတ္တဌာနသို့ သွားရောက်ဖူးမြော် ခဲ့ကြသည်။
ထို့နောက် နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်သို့ လာရောက် လေ့လာခဲ့ကြရာ သင်တန်းခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အသင်းအတွင်းရေးမှူး ဦးရဲထွဋ်အောင်က အသင်း၏မူဝါဒ၊ လုပ်ငန်းစဉ်နှင့် ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ကျွန်းလှမြို့နယ် (M.Y.D.A) အသင်းခေါင်းဆောင် ဦးဇော်ဝင်းထွန်းက အသင်းဝင်အဆိုပြုလွှာ ပေးအပ်ရာ အသင်းဒုဥက္ကဋ္ဌ ဦးဆလိုင်းခွဲယန်၊ ဘဏ္ဍာရေးမှူးများ ဖြစ်ကြသော ဒေါ်နီနီမာနှင့် ဒေါ်ခိုင်သူဇာဝင်းတို့က လက်ခံရယူကြခဲ့ပြီး အသင်းဝင်များ၏ မေးမြန်းချက်များအား အသင်း အတွင်းရေးမှူး ဦးရဲထွဋ်အောင်က ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်အား ဖူးမြော်ခြင်းနှင့် တိရစ္ဆာန် ဥယျာဉ်၊ ရေပန်း ဥယျာဉ်တို့အား သွားရောက် ခဲ့ကြသည်။ မိုးဇော်(နေပြည်တော်)