ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင်နှင့် မြို့နယ်ပါတီဝင်များ လုပ်ငန်းညှိနှိုင်း စည်းဝေး

 

နေပြည်တော် ဇွန် ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည် ထောင်စုနယ်မြေ နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ခရိုင်နယ်မြေ တာဝန်ခံ ကော်မတီဝင်များ၊ ပြည်ထောင်စု နယ်မြေ ကော်မတီဝင်များက ပါတီလုပ်ငန်းစဉ် အောင်နိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ပြည်ထောင်စုနယ်မြေ ကော်မတီဝင်များ၊ နေပြည်တော် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ရှစ်မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အောင်အောင်(နေပြည်တော်)