ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ မအူပင်မြို့နယ်တွင် တိုင်းခရိုင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇွန် ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းညွန့်၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးသက်လင်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်း ဒန်နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)