တောင်ကိုရီးယားကိုနိုင်ပြီး ယူကရိန်း ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာ

ယူကရိန်းသည် တောင်ကိုရီးယားကို နောက်မှလိုက်ကစားပြီး ၃-၁ ဂိုးဖြင့်နိုင်ကာ ၎င်းတို့၏ ပထမဆုံးယူ-၂၀ ကမ္ဘာ့ဖလားရရှိခဲ့သည်။ ပိုလန်နိုင်ငံ လို့ဇ်မြို့၌ ကျင်းပခဲ့သော ဗိုလ်လုပွဲတွင် ပထမဆုံး ဗိုလ်လုပွဲ တက်ရောက် လာသော နှစ်သင်းဆုံတွေ့ခဲ့ပြီး တောင်ကိုရီးယားက စောစောပိုင်း ပင်နယ်တီမှတစ်ဆင့် ဂိုးရခဲ့သော်လည်း ယူကရိန်းလူငယ်များက သုံးဂိုး သွင်းယူသည်။

၂၀၁၇ က ခြေစစ်ပွဲမအောင် မြင်ခဲ့သော ယူကရိန်းသည် အမေရိကန်၊ နိုင်ဂျီးရီးယားနှင့် ကာတာ ပါဝင်သော အုပ်စုတွင် အုပ်စုဗိုလ် ဖြစ်ခဲ့ကာ နောက်ဆုံး (၁၆)သင်း အဆင့်တွင် ပနားမားကို ၄-၁ ဂိုး ဖြင့်နိုင်ပြီး ကွာတားဖိုင်နယ်တွင် ကိုလံဘီယာကို ၁-၀ ဂိုး၊ ဆီမီး ဖိုင်နယ်တွင် အီတလီကို ၁-၀ ဂိုးဖြင့်နိုင်ကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ဟွန်ဒူးရပ်စ်ကို နော်ဝေးက ၁၂-၀ ဂိုးဖြင့် နိုင်သောပွဲတွင် တစ်ဦးတည်း ကိုးဂိုးသွင်းယူသည့် နော်ဝေးတိုက်စစ်မှူး အာလင်းဘ ရောဟာလန်းက ရွှေဖိနပ်ဆုရရှိခဲ့သည်။  

လက်ရှိချန်ပီယံ အင်္ဂလန် သည် ဗိုလ်လုပွဲသို့ပင် မရောက်ရှိပေ။    

—Ref: BBC