ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန ၊ Human Security ဆိုင်ရာ အကြီးတန်းအကြံပေး Mr. Martin Sturzinger တို့တွေ့ဆုံ

 

ဇွန် ၁၃၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် အဖွဲ့သည် ၂၀၁၉ ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန၊ Human Security ဆိုင်ရာ အကြီးတန်းအကြံပေး Mr. Martin Sturzinger နှင့်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပါတီပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးတို့ ပါဝင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဇာလန် နိုင်ငံခြားရေးဌာန ၊ Human Security ဆိုင်ရာ အကြီးတန်းအကြံပေး Mr. Martin Sturzinger ဦးဆောင်ပြီး အဖွဲ့ဝင် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။