ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ကျိုက်လတ်မြို့နယ် ပါတီကော်မတီဝင် များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကျိုက်လတ် ဇွန် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် သည် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီ ကော်မတီဝင်များနှင့် အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ ကျိုက်လတ်မြို့နယ် ပါတီရုံးတွင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး အခမ်းအနားအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။