ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ်ရှိ လေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံ

 

ဇွန် ၁၁ ၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဇေယျာသီရိ မြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ၊ ပါတီဝင်များ ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအာ စုပေါင်းသီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ရှေးဦးစွာ ဇေယျာသီရိမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းမှ နှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပြီး တက်ရောက်လာသော ပြည်သူလူထုမှသိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြည်သူလူထု၏ မေးမြန်းချက်များအပေါ် ရှင်းလင်းပြောကြားကာ
ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်မှ နဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသော လေဘေးသင့် အိမ်ထောင်စု (၁၂၄) စုအတွက် ဆန် ( ၁၇၁) အိတ်နှင့် ထောက်ပံ့ငွေ (၄၉) သိန်း စုစုပေါင်း တန်ဖိုး ငွေကျပ် (၅၉) သိန်း ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာစန်းစန်းနွယ် ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးသူရိန်ဇော် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ဗဟိုကော်မတီဝင်များ ဒေသခံပြည်သူလူထု ၁၅၀၀ ခန့် တက်ရောက် ခဲ့ကြသည်။