လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေနွေးကြမ်း စကားဝိုင်း ကျင်းပ
နေပြည်တော် ဇွန် ၁ဝ
ပြည်ထောင်စုနယ်မြေ နေ ပြည်တော်ခရိုင် လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ကျေးရွာများရှိ ပါတီဝင်များ၊ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံပြီး ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။
ထိုသို့ ကျေးရွာများ ရေနွေးကြမ်းစကားဝိုင်းကို လယ်ဝေးမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ် ကော်မတီဝင်များက တည်ထောင်အုပ်စု၊ ကြံဖိုစုတဲစုရွာ ဦးမြငြိမ်းနေအိမ်၌ လည်းကောင်း၊ ပေါက်မြိုင်အုပ်စု၊ အင်တိုင်းသာရွာ ဦးမောင်မြင့်အိမ်နှင့် ရွှေပြည်သာရွာ ဦးမင်းဇော်တို့ နေအိမ်များတွင် ရပ်/ ကျေး ပါတီဝင်များ၊ မဲဆန္ဒရှင် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး အခြေအနေများ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်အောင်