ပေါင်းတည်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ပေါင်းတည် ဇွန် ၉

ပဲခူးတိုင်း (အနောက်) ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပခဲ့သည်။

ပုံမှန်လပတ် အစည်းအဝေးသို့ ပေါင်းတည်မြို့နယ် တာဝန်ခံများ ဖြစ်ကြသော တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနုနှင့် ခရိုင်ပါတီအတွင်း ရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြကာ လက်ရှိဆောင်ရွက် နေမှုများ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင် ခဲ့ကြကြောင်း သိရသည်။

ဟန်ဝင်းရွှေ(ပေါင်းတည်)