တောင်သူလယ်သမားအကျိုးပြု လုပ်ငန်းစဉ်များနှင့် ပျက်စီးလယ်ယာမြေများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပ

 

ရန်ကုန် ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁၁နာရီက တောင်သူလယ်သမား အကျိုးပြု လုပ်ငန်းစဉ်များနှင့် ပျက်စီးလယ်ယာမြေများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်များ တွေ့ဆုံနှီးနှောဖလှယ် ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးခင်မောင်တင့်နှင့် တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်မှ တာဝန်ရှိသူများ၊ တောင်သူလယ် သမားအဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်သောအင်အားစုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစီအစဉ်အရ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးခင်မောင်တင့်က မိတ်ဆက် အမှာစကားပြောကြားပြီး အမျိုးသားအကျိုးစီးပွား ဖော်ဆောင်သောအင်အားစုမှ သြဂဲနစ်ဆေးဝါးများ သုံးစွဲပုံသုံးစွဲနည်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသော တောင်သူလယ်သမားများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းကြရာ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်သောအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပြီး တွေ့ဆုံ နှီးနှောဖလှယ်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။  ထိန်ဝင်း(YGN)