ဟိုပင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ခြင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများ ရှင်းလင်း
ဟိုပင်ဒေသ။ ဇွန် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်ဒေသ ကြာကြီးကွင်းအုပ်စု ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲအား ယမန်နေ့ နံနက် ( ၁၀း၃၀) အချိန်တွင် ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ ဦးခင်မောင်စီ နေအိမ်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ မိုးညှင်းခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ မြို့နယ်ဥက္ကဋ္ဌဦးလှမိုင်၊ ကချင်ပြည်နယ် ပြေားရေး ဆိုခွင့်ရှိသူ ဦးဋ္ဌေးဝင်း၊ မြို့နယ်ကော်မတီ ဦးတင်ညွန့် (ဘဏ္ဍာရေးမှူး) နှင့် ဟိုပင်ဒေသ တာဝန်ခံ ဒေါ်သန္တာဝင်မောင်၊ မြို့နယ်ကော်မတီဝင် ဦးမြင့်သန်း၊ ဦးကြည်မောင်၊ ဒေါ်နှင်းနှင်းထွေ၊ ဒေါ်ဆိုင်းဆန့်၊ ဦးဇော်ဝင်း၊ ဦးအောင်မိုး၊ ဦးတင်ထွန်းမြင့်၊ ဦးသီဟထွန်း၊ ဦးရေခဲ၊ ရပ်/ကျေးပါတီ ဥက္ကဌများနှင့် ရပ်/ကျေး အမှုဆောင်များ၊ ပါတီဝင်များ ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ( ၅၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Htay Win