စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ အစီအစဉ် ဆက်လက် ကျင်းပ

 

ဇွန်-၄။ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်ကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က
ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးသာအေး၊  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများဖြစ်ကြသည့် ဦးဥာဏ်ထွန်း၊ ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ခရိုင်၊ မြို့နယ်ပါတီဥက္ကဌများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြကာ
ဗဟိုအလုပ်အမှုဆောင် တိုင်းတာဝန်ခံ ဦးမြင့်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ၄င်းနောက်တွင် ပါတီ
ဗဟိုအတိုင်ပင်ခံ ဦးသာအေးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပါတီ (၄) လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။