မန်ယူကိုကျော်ဖြတ်ကာ ရီးရဲလ်အသင်း ကမ္ဘာ့တန်ကြေးအကြီးဆုံးအသင်းဖြစ်လာ

နောက်ဆုံးထုတ်ပြန်လိုက်သောဘောလုံးအသင်းများ တန်ကြေး သတ်မှတ်မှုအရ ရီးရဲလ်အသင်းသည် မန်ယူကို ကျော်ဖြတ်ကာ တန်ကြေးအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ Football Clubs’ Valuation:The European Elite အဖွဲ့အစည်းက စစ်တမ်းပြုစုပြီး ဖော်ပြမှုအရ ရီးရဲလ်အသင်းသည် သုံးရာသီ ဆက်တိုက် ချန်ပီယံလိဂ်ဖလား ရနိုင်ခဲ့သည့်အတွက် တန်ကြေးမြင့်တက်လာကာ လက်ရှိတန်ကြေး ပေါင် ၂ ဒသမ ၉ဘီလီယံအထိ ရှိလာပြီး မန်ယူအသင်းမှာ တန်ကြေးပေါင် ၂ ဒသမ ၈၂ ဘီလီယံဖြင့် ဒုတိယနေရာရောက် သွားခဲ့ကြောင်း သိရသည်။ ရီးရဲလ်အသင်းနှင့် မန်ယူအသင်းပြီးနောက် ဘိုယ်ယန်မြူးနစ်အသင်းသည်တန်ကြေး ပေါင် ၂ ဒသမ ၄၃ ဘီလီယံဖြင့် ဘာစီလိုနာအသင်းကို ကျော်ဖြတ်ကာ တတိယ တန်ကြေး အကြီးဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ဘာစီလိုနာအသင်းသည် တန်ကြေး ပေါင် ၂ ဒသမ ၄၁ ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပြီး မန်စီးတီးက ပေါင် ၂ ဒသမ ၂ဘီလီယံ၊ ချယ်လ်ဆီးက ပေါင် ၂ ဘီလီယံ၊ လီဗာပူးက ပေါင် ၁ ဒသမ ၉ ဘီလီယံ၊ အာဆင်နယ်က ပေါင် ၁ ဒသမ ၈ ဘီလီယံ၊ စပါးက ပေါင် ၁ ဒသမ ၅ ဘီလီယံ၊ ဂျူဗင်တပ်က ပေါင် ၁ ဒသမ ၃ ဘီလီယံနှင့် တန်ကြေး အကြီးဆုံး ၁၀ သင်း စာရင်း ၀င်နိုင်ခဲ့ကြောင်း သိရသည်။

–Ref:Skysports