ပရိသတ်များ ရွေးချယ်သော ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဟာဇက်ရရှိ

လူတိုင်းပါဝင်မဲပေးနိုင်သော ပရီးမီးယားလိဂ်ပရိသတ်များ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချယ်လ်ဆီးမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာဇက်က ရရှိခဲ့သည်။ ဟာဇက်သည် မဲ ၃၄ ရာခိုင်နှုန်းဖြင့် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရပြီး ယင်း ဆု၏ ဆန်ခါတင်စာရင်းတွင် မန်စီးတီးမှ ဘာနာဒိုဆေးလ်ဗား၊ အဂူရိုနှင့် စတာလင်၊ လီဗာပူးမှ ဗန်ဒိုက်စ်နှင့် မာနေးတို့လည်း ပါဝင်ခဲ့သည်။

ချယ်လ်ဆီးတွင် ယခုရာသီ ၌ ၁၆ ဂိုးသွင်းပြီး (၁၅) ကြိမ်ဂိုးဖန်တီးပေးခဲ့သော ဟာဇက်သည် ယခုရာသီပရီးမီးယားလိဂ်၏ အကောင်းဆုံး ကစားကွက်ဖန်တီးသူ အဖြစ် ရွေးချယ်ခံရသည်။ ဟာဇက်သည် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အာဆင်နယ်နှင့် ကစားရန် ပြင်ဆင်နေစဉ် ၎င်း၏ အသင်းဖော် ကန်တီသည် လေ့ကျင့်ရေးကွင်း၌ ဒဏ်ရာရရှိခဲ့သဖြင့် ယင်းဗိုလ်လုပွဲနှင့် လွဲချော်နိုင်ခြေ ရှိသည်။ ပြင်သစ်ကွင်းလယ်လူ ကန်တီ၏ ဒဏ်ရာအခြေအနေအသေးစိတ်ကို ချယ်လ်ဆီးက ကြေညာခြင်းမရှိဘဲ ဆက်လက်စောင့်ကြည့်နေသည်။ ထိုအတောအတွင်း အာဆင်နယ်တွင် မစ်ခီတာယန်တစ်ဦးကလွဲ၍ အဓိက ကစား သမားအားလုံးဖြင့် ချယ်လ်ဆီးကို ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။ 

—Ref: ChelseaFC