ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စုတွင် ပါတီဆိုင်းဘုတ်တင်
နေပြည်တော် မေ ၂၂
ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု ကျောက်ချက်ကျေးရွာ ရွာခွဲခေါင်းဆောင် ဦးတင်နိုင်ဦး နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ကျောက်ချက်အုပ်စု ပါတီရုံး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်တင်ပွဲတွင် နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးခဲ့ပြီး ကျေးရွာအုပ်စု ရပ်မိရပ်ဖများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဖိုးသိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များကလည်း ပါတီဆိုင်းဘုတ် ကို အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြ၍ မင်္ဂလာအချိန်တွင် ဆိုင်းဘုတ်အား အောင်မြင်စွာ စိုက်ထူခဲ့ကြသည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးနှင့် ရပ်မိရပ်ဖများ အင်အား ၃ဝ ခန့်တက်ရောက်ခဲ့ ကြပြီး နံနက် ၉ နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(နေပြည်တော်)