မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့ စုပေါင်းရေသန့် အလှူတော် ကျင်းပ

 

တောင်သာ မေ ၂၂

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများအဖွဲ့မှ တောင်သာမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိရာ ကျေးရွာများသို့ စုပေါင်းရေသန့် အလှူတော်အဖြစ် ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီ များ၏ အမျိုးသမီး (ဝိသာခါ) ကျောင်းအမများ၏ စုပေါင်းသောက်ရေသန့် ရေအလှူတော်မင်္ဂလာအား တောင်သာ မြို့နယ်အတွင်း သန်းကုန်းကျေးရွာမှ အိမ်ခြေ ၄၈ အိမ်သို့ ၂ဝ လီတာဝင်ရေသန့်ဘူး ၁၄ဝ၊ စွန်းလွန်းကျေးရွာမှ အိမ်ခြေ ၁၁ဝ သို့ ၂ဝ လီတာဝင် ရေသန့်ဘူး ၂၂ဝ၊ သီးပင် ကုန်းကျေးရွာမှ အိမ်ခြေ ၁၁ဝ သို့ ၂ဝ လီတာဝင် ရေသန့်ဘူး ၂၂ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်လှလှအေး၊ ဒေါ်သိင်္ဂီအောင်၊ ဒေါ်သန်းသန်အေးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ၊ ဦးတင့်လွင်ဦး၊ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ အတွင်းရေးမှူး ဦးမျိုးကျော်ဇင်နှင့် ခရိုင်ကော်မတီဝင်များ၊ တောင်သာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အတွင်းရေးမှူး ဦးသန်းဇော်ဦးနှင့် ကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ၊ အမျိုးသမီး အဖွဲ့ဝင်များ လိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သုတ(တောင်သာ)