အီတလီဘောလုံး ထင်ရှားကျော်ကြားသူများခန်းမဆောင်တွင် ဂျူဗင်တပ်နည်းပြ ဂုဏ်ပြုခံရ

ဂျူဗင်တပ်နည်းပြ အယ်လီဂရီသည် အီတလီဘောလုံး ထင်ရှားကျော်ကြားသူများ ခန်းမဆောင်တွင် ဂုဏ်ပြု ခံရသည်။ မေလ ၂၆ ရက် စီးရီးအေ ရာသီပိတ်ပွဲတွင် ဆမ်ဒိုးရီးယားနှင့် ကစားပြီးနောက် စီးရီးအေချန်ပီယံ ဂျူဗင်တပ်မှ ထွက်ခွာတော့မည့် အယ်လီဂရီသည် စီးရီးအေဖလား ငါးကြိမ်ဆက်နှင့် စုစုပေါင်း ခြောက်ကြိမ် ရရှိပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ကယင်းသို့ အသိအမှတ်ပြုခြင်းဖြစ်သည်။

၂၀၁၀-၁၁ က အေစီမီလန်နှင့် စီးရီးအေဖလားရရှိပြီးနောက် ၂၀၁၄ ကစ၍ ဂျူဗင်တပ်သို့ ရောက်လာသော အယ်လီဂရီ သည် ဂျူဗင်တပ်တွင် စီးရီးအေဖလား ငါးကြိမ်ဆက်၊ ကိုပါအီတာလီယာ ဖလားလေးကြိမ်နှင့် စူပါကိုပါ အီတာလီယာဖလား နှစ်ကြိမ် ရရှိခဲ့သည်။ ချယ်လ်ဆီးနှင့် ပီအက်စ်ဂျီ ရောက်ရှိမည်ဟု သတင်းထွက်နေသူ အယ်လီဂရီကို ဂျူဗင်တပ်နှင့် အီတလီဂန္ထဝင် နည်းပြဟောင်း မာဆယ်လိုလစ်ပီက ဆုချီးမြှင့်ခဲ့သည်။ ၁၉၉၉ မှ ၂၀၀၁ အထိ ဂျူဗင်တပ်ကို ကိုင်တွယ်ဖူးသော အန်ဆယ်လော့တီသည် ပြီးခဲ့သည့်နှစ် မေလက နာပိုလီအသင်း နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ 

—Ref: livescore.com