စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
ဘုတလင် မေ ၂ဝ
ဘုတလင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီ ရုံး၌ ကျင်းပခဲ့သည်။
မုံရွာခရိုင် ပါတီကော်မတီဝင် ဘုတလင်မြို့နယ် တာဝန်ခံ ဦးစိန်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားကာ မုံရွာခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက လက်ရှိလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသော ကျေးရွာပါတီဥက္ကဋ္ဌများနှင့် ဆွေးနွေးရာ ရပ်ကျေးပါတီ ဥက္ကဋ္ဌများက ပြန်လည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ခရိုင် ပါတီအတွင်းရေးမှူး ဦးရဲနိုင်ထွန်း၊ ခရိုင် ကော်မတီဝင် ဦးစိန်ဝင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ ဘုတလင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြသည်။
ရွှေကျီစု(ဘုတလင်)