သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသ
ရန်ကုန် မေ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ စမ်းသပ်ကုသ ပေးခဲ့ကြောင်း သိရသည်။
မျက်စိစမ်းသပ် ကုသပေးရာတွင် အလင်းရောင် ဖောင်ဒေးရှင်းမှ ဒေါက်တာနေလင်း ဦးဆောင်သောအဖွဲ့က သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာရှင် ၇၁ ဦးတို့အား အခမဲ့ မျက်စိစမ်းသပ် ပေးခဲ့ပြီး မျက်စိခွဲစိတ် ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင် ၁၉ ဦးတို့အား ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ရတနာ မျက်စိဆေးရုံ၌ ခွဲစိတ်ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမဲ့မျက်စိစမ်းသပ် ကုသပေးရာသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိသူများက မျက်စိကုသရန် ရောက်ရှိ လာသော မျက်စိဝေဒနာရှင်များအား လိုအပ်သည်များကို ဝိုင်းဝန်းကူညီပေးကြပြီး မျက်စိခွဲ စိတ်ကုသရန် လိုအပ်သော မျက်စိဝေဒနာရှင်များအား ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ရတနာမျက်စိ ဆေးရုံ၌ မျက်စိခွဲစိတ် ကုသနိုင်ရေးအတွက် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သက်ခိုင်(သန်လျင်)