ကျေးလက်မီးလင်းရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် အလှူငွေများ ပေးအပ်လှူဒါန်း

 

မေ ၁၂၊ ပျော်ဘွယ်

ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေတဲ့ 33 KV ဓာတ်အားလိုင်း ကျေးရွာမီးလင်းရေးအတွက် ကျန့်ကြာနေတာကြောင့် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး အလှူငွေပေးအပ် လှူဒါန်းပွဲကို အမေထိန်းခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ 33 KV ဓာတ်အားလိုင်းကို သူဌေးကုန်း၊ ပျော်ဘွယ် ရွှေညောင်ဖူး ကျောက်ချပ် ကျေးရွာအပါအဝင် ကျေးရွာအုပ်စု ကိုးခုကို မီးလင်းရေးအတွက် ကိုယ်ထူးကိုယ်ထ ဓာတ်အားရရှိဖို့ ပြည်ခိုင်ဖြိုးပါတီ၊ သမဝါယမ အသင်း၊ မီးလင်းရေး ကုမ္ပဏီတို့ လှူဒါန်းခဲ့ကြောင်း သိရသည်။