ဇေယျာသီရိမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲပြုလုပ် ===========

 

နေပြည်တော်၊ မေ ၈

ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ကို ဥပဒေအရ ပြင်ဆင်အတည်ပြုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လူထုဟောပြောပွဲကို နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် (၉း၀၀) နာရီက ပြုလုပ်ကျင်းပခဲ့ပါသည်။

ဟောပြောပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ၊ ဇေယျာသီရိမြို့နယ် ပါတီကော်မတီဝင် ဦးလှဇော်ဦးတို့က ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ကို ဥပဒေအရ ပြင်ဆင်အတည်ပြုနိုင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေများအား ရှင်းလင်း ပြောကြားခဲ့ကာပါတီဝင်များနှင့် ဒေသခံပြည်သူများ အင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။