အမိုးပေါ်မှာ အပင်ငယ်တွေ စိုက်ပျိုးထားတဲ့ ဥယျာဉ်ခြံပါ ဘတ်စ်ကားတွေ စင်္ကာပူမှာ စတင်ပြေးဆွဲ

လောင်စာစွမ်းအင်အသုံးပြုမှု လျော့ချနိုင်ခြင်း ရှိမရှိနဲ့ ဘတ်စ်အော်ပရေတာတွေအတွက် ကုန်ကျမှု သာက်သာမှု ရှိမရှိ ဆန်းစစ်လေ့လာမှုပြုလုပ်ဖို့အတွက် စင်္ကာပူနိုင်ငံမှာ အသေးစား ဥယျာဉ်ခြံပါဝင်တဲ့ ဘတ်စ်ကား(၁၀)စီးကို အနည်းဆုံး(၃)လကြာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

‘‘Gardens on the Move” လို့ အမည်ပေးထားတဲ့ အပင်ငယ်တွေ စိုက်ပျိုးထားတဲ့ ဘတ်စ်ကားတွေကို အသစ်ဖွင့်လှစ်လိုက်တဲ့ Lakeside Garden မှာ ပြုလုပ်တဲ့ စင်္ကာပူဥယျာဉ်ပွဲတော်ဖွင့်ပွဲမှာ တနင်္ဂနွေနေ့ (မေ ၅ ရက်)က အခမ်းအနားဖြင့် ပြုလုပ်ခဲ့ပါတယ်။ ဘတ်စ်ကား အမိုးပေါ်မှာ စိုက်ပျိုးထားတဲ့ အပင်ငယ်တွေကို သမရိုးကျ မြေဆီလွှာနဲက မဟုတ်ဘဲ မိုးမျှော်တိုက်တွေမှာ စိမ်းလန်းအပင်တွေ စိုက်ပျိုးထားတဲ့ ပေါ့ပါးတဲ့ မြေလွှာမျိုးကို အသုံးပြုထားပါတယ်။ ဘတ်စ်ကားတွေအပေါ် စိမ်းလန်းစိုပြည်တဲ့ အမိုးတပ်ဆင်ထားတာဟာ ဘတ်စ်ကားအတွင်း အပူချိန်လျော့နည်းသွားခြင်း ရှိမရှိ၊ ဘတ်စ်ကားလေအေးပေးစက်အတွက် လောင်စာဆီ အသုံးပြုမှု လျော့ချနိုင်ခြင်း ရှိ မရှိနဲ့ ကုန်ကျစရိတ် သက်သာခြင်း ရှိ မရှိတွေကို အတည်ပြုဖို့ အဆိုပါဘတ်စ်ကား(၁၀)စီးက ဆန်းစစ်လေ့လာ သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆန်းလေ့လာရန်အတွက် ဘတ်စ်ကားတစ်စီးစီးရဲ့ အမိုးပေါ်က အနောက်ပိုင်း နေရာမှာ အပင်စိုက်ကွက်တွေကို တပ်ဆင်ထားထားကြောင်း သိရပါတယ်။ ဘတ်စ်ကား(၁၀)စီးဟာ Central Business District ကို ဖြတ်သန်းမယ့် လမ်းကြောင်းနဲ့ Orchard လမ်းကို ဖြတ်သန်းမယ့်လမ်းတို့ အပါအ၀င် လမ်းကြောင်း အများအပြား ပြေးဆွဲလိမ့်မယ်လို့ သိရပါတယ်။ ဘတ်စ်ကားခကိုတော့ ပုံမှန်ဘတ်စ်ကားတွေ အတိုင်းသာ သတ်မှတ်ထားပါတယ်။ ဘတ်စ်ကားအမိုးပေါ်မှာ အပင်တွေ စိုက်ပျိုးထားရှိမှုကို Temasek Foundation က ထောက်ပံ့ပေးထားပြီး GWS Living Art က ဒီဇိုင်းဖန်းတီးထားတာဖြစ်ပါတယ်။ တခြားမိတ်ဖက်တွေ ကတော့ Moove Media, National Parks  Board နဲ့ Singapore Green  Building Council  တို့ ပါဝင်ပါတယ်။

-Ref: Yahoo